(BURMESE FM) တိုက်ပွဲကြားက အသက် အိုးအိမ် အကာအကွယ်မဲ့နေတဲ့ နောင်ချိုပြည်သူ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ PDF တပ်ဖွဲ့တွေက ရက်ရှည်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဒီကနေ့အထိ စစ်ရေး တင်းမာမှုတွေ ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကနေစပြီး ဒီကနေ့အထိ နောင်ချိုမြို့နယ် အတွင်း ထိတွေ့တိုက်ပွဲတွေ၊ စစ်ရေးတင်းမာမှု တွေ ဖြစ်နေဆဲပါ။

အခုလို ထိတွေ့တိုက်ပွဲ ရက်ရှည်ကြာ ဖြစ်နေတဲ့ နောင်ချိုမြို့နယ်အတွင်းမှာ ဒေသခံတွေက ဘယ်လို နေထိုင် စားသောက်နေကြလဲ။ ဘာတွေ စိုးရိမ်ကြောက်လန့်နေကြတာလဲ ဆိုတဲ့ အကြောင်း အမည်မဖော်လိုသူ အသက် ၅၀ အရွယ်ရှိ စစ်ရှောင် အမျိုးသား တစ်ဦးကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့် က ဆက်သွယ် မေးမြန်းထားပါတယ်။

Other episodes