(BURMESE FM) နှစ်ပေါင်း ၂၀ ကျော်ကြာ အနာဂတ်မဲ့နေတဲ့ သျှမ်းစစ်ရှောင် ဘဝ

ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ သျှမ်းပြည် မိုင်းဆတ်ခရိုင်အတွင်း စစ်ကောင်စီတပ် နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ကြား တိုက်ပွဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိတွေ့တိုက်ပွဲ ဖြစ်ပွား နေတဲ့ အချိန်မှာ ဒေသခံ ရွာသားတွေကို (RCSS/SSA) တပ်ဖွဲ့ထောက်ခံနေကြလို့ ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ရွာသားတွေကို ဖမ်းဆီး ရိုက်နက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာအပြင် ရွာကို မီးရှို့ခဲ့တာတွေလည်း ရှိလာတဲ့အတွက် မိုင်းဆတ်ခရို င် အတွင်းာက ပြည်သူ ဦးရေ (၆၀၀ ကျော်)ဟာ ထိုင်း – မြန်မာနယ်စပ် ဘက်ကို စစ်ရှောင် ထွက်ပြေးလာခဲ့ရပါတယ်။

လက်ရှိ ပိန်းလုံကျေးရွာကို ရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဘယ်လို စစ်ရှောင်ထွက်ပြေး လာရလဲ၊ စစ်ရှောင်စခန်းမှာ ဘယ်လိုတွေ နေထိုင် စားသောက်နေကြရလဲ ဆိုတာနဲ့ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း က စစ်ရှောင် ဘဝကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရလဲ ဆိုတာကို သျှမ်းသံတော်ဆင့် ဝိုင်းတော်သူ နန်းနောင့်နောင့် တင်ဆက်ထားပါတယ်။

Other episodes