(BURMESE FM) ရှုပ်ထွေးတဲ့ နိုင်ငံရေးအကြား ဘိန်းစိုက်ပျိုးမှု တဖန်ပြန်ရှင်သန်လာ

မင်္ဂလာပါ သျှမ်းသံတော်ဆင့်မြန်မာပိုင်း Podcasts အစီစဉ်ကနေ ကြိုဆိုပါတယ်။ ယခုအခါ သျှမ်းပြည်အတွင်း ဘိန်းစိုက်ပျိုးမှု များလာတဲ့ ဆောင်းပါးကို နားဆင်ရမှာပဲဖြစ်ပါတယ်။
သျှမ်းပြည်အတွင်း ဒေသခံပြည်သူတွေဟာ တောင်ယာ ၊ လယ်ယာတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ သျှမ်းပြည်အတွင်းထွက် စိုက်ပျိုးသီးနှံတွေကိုလည်း နိုင်ငံတကာတင်ပို့ရောင်းချပါတယ်။ ဒါပေမဲ့ စစ်တပ်အာဏာသိမ်း ၂ နှစ်ကာလအတွင်း စီးပွားရေးတွေ ကျဆင်းလာတာကြောင့် ကုန်ဈေးနှုန်းတွေလည်းမြင့်တက်လာသလို စိုက်ပျိုးသီးနှံတွေကလည်း စီးပွားမဖြစ်တော့ပါဘူး။ စိုက်ပျိုးသီးနှံတွေ စီးပွားမဖြစ်ပေ့မဲ့ လက်ရှိမှာတော့ မူးယစ်ဆေးဝါးဘိန်းဈေးက ပြန်မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ သျှမ်းပြည်အတွင်းမှာဆိုရင် ဘိန်းတွေ ပိုမိုစိုက်ပျိုးလာခဲ့ပါတယ်။ အခုခါ ဘိန်းစိုက်ပျိုးမှုတွေ သျှမ်းပြည်မှာ ဘယ်လောက်ရှိလဲ။ ဘိန်းဈေးကကော ဘယ်လောက်ရနေလဲ၊ ဘယ်ဒေသတွေမှာ စိုက်ပျိုးနေလဲ။ ဘိန်းစိုက်ပျိုးမှုရဲ့ နောက်ကွယ်မှာကော ဘယ်သူတွေက ရှိနေလဲဆိုတာကို သျှမ်းသံတော်ဆင့် ဝိုင်းတော်သူ နန်းနောင့်နောင့် ကနေ တင်ဆက်ပေးထားပါတယ်။

Other episodes